International News

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်ပစ္စည်းများထုတ်လုပ်မှုအပေါ် ရိုက်ခတ်လျက်ရှိသဖြင့် ဟောင်ကောင်ဒေသ၏ စီးပွားရေး ပိုမိုကျဆင်းလာခြင်း

Last Updated:

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်ပစ္စည်းများထုတ်လုပ်မှုအပေါ် ထိခိုက်လျက်ရှိသဖြင့် ဟောင်ကောင်ဒေသ၏ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍတွင် စီးပွား ရေးလုပ်ငန်းဆောင်ရွက်မှုများ ထပ်မံလျော့ကျနိုင်ရန် ယခင်ကပင် ကျဆင်းလျက်ရှိသော ဟောင်ကောင်ဒေသ၏ စီးပွားရေးအား ပိုမိုကျဆင်းလာနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ထုတ် The Standard သတင်းစာ၌ ရေးသားဖော်ပြထားပါသည်။

S & P Global Purchasing managers' index မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၄၂.၉) ရှိရာမှ မတ်လတွင် ၄၂ သို့လျော့ကျခဲ့ကြောင်း၊ S & P Global Purchasing managers' index (၅၀) အောက်လျော့ကျနေမှုမှာ တတိယမြောက်လဖြစ်ကြောင်း ထုတ်လုပ်မှုပမာဏနှင့် အမှာစာအသစ်များမှာ ၂၀၂၂ ခုနှစ်၊ မတ်လတွင် လျင်မြန်စွာ ကျဆင်းလျက်ရှိကြောင်း၊ တရုတ်ပြည်မကြီးတွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် lockdown ချမှတ်မှုများကြောင့် တရုတ်ပြည်မကြီးမှ အမှာစာမှာယူမှုများအပေါ် ရိုက်ခတ် လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ဒေသအာဏာပိုင်များမှ ဦးဆောင်၍ ကာလကြာရှည်စွာ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါအား တိုက်ဖျက်လျက်ရှိပြီး တင်းကျပ်သည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ပဥ္စမလှိုင်းဖြစ်ပွားမှုနှင့် ရောဂါထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ၏ အကျိုးဆက်အနေဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဟောင်ကောင်ဒေသရှိ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ များ၏ စီးပွားရေးလျင်မြန်စွာကျဆင်းနိုင်ကြောင်း၊ တရုတ်ပြည်မကြီး၌ lockdown ချမှတ်မှုများ၊ ဈေးနှုန်းများ မြင့်တက်မှုဖိအားများနှင့် ယူကရိန်းအရေးကိစ္စ အစရှိ သည်တို့ကြောင့် ဟောင်ကောင်ဒေသ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအပေါ် ဖိအားများထပ်မံဖြစ်ပေါ်စေကြောင်း၊ အလုပ်အကိုင်ရရှိမှုမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျဆင်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ မတ်လတွင် အလုပ်သမားများငှားရမ်းမှု မြင့်တက်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ ဂျီဒီပီမှာ ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်တွင် ကျဆင်းနိုင်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ၂၁-၄-၂၀၂၂ ရက်နေ့မှစတင်၍ စားသောက်ဆိုင်များအား ညပိုင်အထိဖွင့်လှစ်ခွင့်၊ စားပွဲဝိုင်းတစ်ခုတွင် လူ (၄) ဦး အထိ ထိုင်စားသောက်ခွင့် အစရှိသည်တို့အပါအဝင် အချို့သောကန့်သတ်ချက်များအား ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသအစိုးရမှ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင် ဖြန့်ဝေပေးမည့် Consumption Vouchers ကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးမြင့်တက်ရန် မျှော်လင့်လျက်ရှိကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard သတင်းစာ (6-4-2022)

Category: International News